Events

“BGJF Special Edition – Online Business Matching 2020” သို့ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများပါဝင်တက်ရောက်နိုင်

Updated At: 2020-10-16 10:05:03

ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနက ကြီးမှူးကျင်းပသော  “BGJF Special Edition – Online Business Matching 2020” ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ Online (Zoom Application) ဖြင့်ကျင်းပ ပြုလုပ်မည်ဖြစ်ရာ  မြန်မာနိုင်ငံက ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံကျောက်မျက် ရတနာပစ္စည်းများကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း ထိုင်းစီးပွားရေးသံမှူးရုံးမှ အကြောင်းကြားလာပါသည်။

ယင်းစီးပွားရေးတွေ့ဆုံပွဲသည် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာကုန်စည်ပြပွဲများ ဆက်လက်ကျင်းပနိုင်စေရန်၊ ကုန်သွယ်ရေးလမ်းကြောင်းတိုးမြှင့်ဆောင်ရွက်နိုင်စေရန်၊ ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာလုပ်ငန်းများ၏ စွမ်းဆောင်ရည်တိုးမြင့်လာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါသည်။ ကျောက်မျက်ရတနာကဏ္ဍမှ ထိုင်းနိုင်ငံနှင့် နိုင်ငံခြားကုမ္ပဏီ( ၆၀၀ )ခန့် ပါဝင်ပြသတက်ရောက်မည်ဖြစ်ပါသည်။

အဆိုပါ ပြပွဲနှင့် Online စီးပွားရေးတွေ့ဆုံပွဲသို့ ကျောက်မျက်ရတနာ ဝယ်ယူသူများနှင့် တင်သွင်းသူများပါဝင်ပြသတက်ရောက်လိုပါက  online Registration Form ကို ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထားနိုင်ကြောင်းနှင့်၂၇-၁၀-၂၀၂၀ ရက်နေ့မတိုင်မီ  ဒေါ်ယဉ်မေသိန်း၊ ထိုင်းစီးပွား‌ရေးသံမှူးရုံး၊ ရန်ကုန်မြို့ E-mail: [email protected] နှင့် [email protected] သို့ ချိတ်ဆက်ဆောင်ရွက်စာရင်းပေးပို့သွားနိုင်ကြောင်း သတင်းရရှိပါသည်။